Picture Picture
  • Fact Sheets
    • English
    • Spanish (Español)
    • Hakha Chin (Lai Holh In)
    • Burmese (မြန်မာဘာသာဖြင့်)
    • Haitian Creole (Kreyòl Ayisyen)
  • How We Help
    • Heart to Heart Conference/Conferencia
    • IN-FaCTS
    • Live training
  • Resources
    • Training videos
    • Tools for Coordinating Care
  • About Us
    • Our Vision
    • Our Team
    • Careers
  • Give
    • Donate
    • Sponsors
  • Connect
Picture

စောင့်ရှောက်သူအနားယူစေရန်အတွက် ယာယီစောင့်ရှောက်မှု

last updated: Sept 2025

နားယူခြင်း (Respite) ဆိုသည်မှာ အဘယ်နည်း။

Respite သည် စောင့်ရှောက်မှုပေးသူများကို အနားယူစေရန် နှင့် စောင့်ရှောက်မှုတာဝန်များမှ သက်သာရာရစေရန် အခွင့်အလမ်းပေးသည့် ဝန်ဆောင်မှုတမျိုးဖြစ်ပါသည်။ သတ်မှတ်ချက်အမျိုးမျိုးအပေါ်မူတည်ပြီး ကျန်းမာရေးကုသစောင့်ရှောက်မှု အထူးလိုအပ်ချက်များရှိသော ပုဂ္ဂိုလ်များ နှင့် ၎င်းတို့၏မိသားစုများ အနေဖြင့် အနားယူနိုင်သည့်နည်းလမ်း အမျိုးမျိုးရှိသည်။

အိမ် နှင့် လူမှုအသိုင်းအဝိုင်းကို အခြေခံသောဝန်ဆောင်မှုများ (HCBS) မှတဆင့် အနားယူခြင်း

အနားယူရာတွင် အမျိုးမျိုးရှိသော HCBS အစီအစဉ်များ မှတဆင့် သက်ညှာခွင့်အစီအစဉ်အတွက် ဝန်ဆောင်မှုအဖြစ် ရယူအသုံးပြုနိုင်သည်။
·      သက်ကြီးရွယ်အို နှင့် မသန်စွမ်းမှုဆိုင်ရာ သက်ညှာခွင့်အစီအစဉ် (Health and Wellness Waiver)
·      ဦးနှောက် ထိခိုက်ဒဏ်ရာရရှိမှုဆိုင်ရာ သက်ညှာခွင့်အစီအစဉ် (Traumatic Brain Injury Waiver)
·      လူမှုအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး နှင့် ဘဝထူထောင်ရေး သက်ညှာခွင့်အစီအစဉ် (Community Integration and Habilitation Waiver)
·      မိသားစုအတွက်ပံ့ပိုးမှုများဆိုင်ရာ သက်ညှာခွင့်အစီအစဉ် (Family Supports Waiver)
·      ကလေးစိတ်ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ် (Child Mental Health Wraparound Program (CMHW)) နှင့် ကလေးများ၏စိတ်ကျန်းမာရေးဆိုင်ရာအစီအစဉ် (Children’s Mental Health Initiative (CMHI))။
လ အထူးလိုအပ်ချက်များရှိသော ပုဂ္ဂိုလ်ကို HCBS စောင့်ရှောက်သူကိုအနားပေးသော စောင့်ရှောက်မှုအစီအစဉ်မှ အသိအမှတ်ပြုသောအခါ သက်ညှာခွင့်အစီအစဉ် ဝန်ဆောင်မှုအဖြစ် စောင့်ရှောက်မှုပေးသူကို အနားယူခွင့် ပေးလျှင်ပေးနိုင်သည်။ သက်ညှာခွင့်အစီအစဉ်၏ ကိစ္စရပ်စီမံဆောင်ရွက်သူမှ ယင်းဝန်ဆောင်မှုပေးသူများ၏ အမည်စာရင်းနှင့် ဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်များကို ပေးအပ်ပါလိမ့်မည်။ ပုံမှန်အားဖြင့် ယင်းအနားယူခွင့် အမျိုးအစားကို မိဘ၏ အလုပ်ချိန် သို့မဟုတ် ကျောင်းချိန်များတွင် အသုံးပြု၍မရပါ။

ယ်ဒီကိတ်မှ ထောက်ပံ့ကြေးပေးသော အနားယူခွင့်

ဖမယ်ဒီကိတ်ဝန်ဆောင်မှုများကို ရရှိသောပုဂ္ဂိုလ်များ နှင့် ကျွမ်းကျင်သောစောင့်ရှောက်မှုကို လိုအပ်သူများ အနေနှင့် စောင့်ရှောက်မှုဂေဟာ မှတဆင့် အခါအားလျော်စွာ အနားယူခွင့်ရယူနိုင်လျှင်ရယူနိုင်သည်။ ယင်းသို့ဆောင်ရွက်မည်ဆိုပါက ဆရာဝန်၏ ညွှန်ကြားမှု နှင့် စမ်းသပ်စစ်ဆေးမှု စီစဉ်ဆောင်ရွက်ရန် လိုအပ်လိမ့်မည်။ ယင်းအနားယူခွင့် အမျိုးအစားလည်း အကန့်အသတ်ရှိပါသည်။

ဒေသတွင်း အနားယူခွင့်အစီအစဉ်များ

ဘုရားကျောင်းများ (အထူးသဖြင့် မသန်စွမ်းဖြစ်သူ အသင်းတော်များ)၊ နှင့် အခြားသော ဝန်ဆောင်မှုပေးသည့်အဖွဲ့အစည်းများ၊ စသည့် ဒေသတွင်း ဝန်ဆောင်မှုပေးသူများထံမှ အနားယူခွင့်အစီအစဉ်ကို ရရှိလျှင်ရရှိနိုင်သည်၊

အင်ဒီယာနာ မသန်မစွမ်း အရင်းအမြစ် ရှာဖွေ ရေး အဖွဲ့ သည် အင်ဒီယာနာ https://www.indianadisabilityresourcefinder.org/ တွင် အနားယူ ပေး သူ များ ၏ စာရင်း တစ် ခု ကို ထိန်းသိမ်း ထား သည် 
 
ကိုယ်တိုင်ကုန်ကျစရိတ်ပေးနိုင်သော မိသားစုများအနေနှင့် ဒေသတွင်း ကောလိပ်ကျောင်းများ နှင့် တက္ကသိုလ်များတွင်ဖြစ်စေ၊ ဝဘ်ဆိုက်ကိုအခြေခံသော စောင့်ရှောက်မှု အချက်အလက်ဒါတာဘေ့စ်များတွင်ဖြစ်စေ ကြော်ငြာတင်ပြီး ဝန်ဆောင်မှုပေးသူများကို ရှာဖွေနိုင်သည်။ ဥပမာအားဖြင့်၊
·       ကလေးစောင့်ရှောက်မှုအတွက် ကူညီပံ့ပိုးမှုရင်းမြစ်များ နှင့် လွှဲပြောင်းရေးဝန်ဆောင်မှုများ (Child Care Resources and Referral Services)၊ 800-299-1627 ၊ https://www.in.gov/fssa/carefinder/files/LCC-RR-Services-Provider-Map.pdf
·       Care.com သည် ကျန်းမာရေးဆိုင်ရာ အထူးစောင့်ရှောက်မှုလိုအပ်သော ပုဂ္ဂိုလ်များကို စောင့်ရှောက်မှုပေးရန် သတ်မှတ်ချက်ပြည့်မီသော ကျွမ်းကျင်မှုများအကြောင်းကို တင်ပြခွင့်ပေးထားသည်။
·       ထို့အပြင် မယ်ဒီကိတ် သက်ညှာခွင့်အစီအစဉ်အတွက် ဝန်ဆောင်မှုပေးသူအချို့အနေနှင့် ကိုယ်ပိုင်ငွေပေးချေမှုကို လက်ခံနိုင်ပြီး ပုဂ္ဂလိက သဘောတူစာချုပ် ချုပ်ဆိုနိုင်သည်။  အနားယူခွင့်အတွက် ငွေကြေးကူညီထောက်ပံ့မှုကို ရှာဖွေသော မိသားစုများအနေနှင့် လူမှုရေးအဖွဲ့အစည်းများထံမှ ပေးအပ်သော ထောက်ပံ့ကြေးများအတွက် ရှာဖွေပြီးလျှောက်လွှာတင်လိုပါက တင်နိုင်သည်။

Long-Term Respite

အချိန်ပိုကြာသော အနားယူခွင့်ပေးသည့် အစီအစဉ်များရှိပါသည်။ ဥပမာအားဖြင့်၊
  • Agape Respite အဖွဲ့ (260)589-3351
  • A Rosie Place အဖွဲ့ (574)235-8899; http://www.arosieplace.org/
  • Chiara Home အဖွဲ့ (574)287-5435; https://www.logancenter.org/chiarahome
  • ​Opportunity Enterprises အဖွဲ့ (219)548-0206; https://www.oppent.org/
print
စာမျက်နှာ ပုံနှိပ်

အစီအစဉ်များနှင့် စနစ်များသည် မကြာခဏ ပြောင်းလဲတတ်သည်။ နောက်ဆုံးပြောင်းလဲမှုနှင့်ကိုက်ညီသည့် သတင်းအချMedicaid Waivers: ဤအချက်အလက်ပြဇယားကို 2022 ခုနှစ်တွင် နောက်ဆုံးအကြိမ် မွမ်းမံပြင်ဆင်ထားပါသည်။ နောက်ဆုံးပြင်ဆင်ထားသည့် မူကို ရှာဖွေဖတ်ရှုနိုင်ရန် https://www.inf2f.org/fact-sheets.html ကို အသုံးပြုပါ။ ကျန်းမာရေးဆိုင်ရာ အရင်းအမြစ်များနှင့် ဝန်ဆောင်မှုများ စီမံရေးအဖွဲ့ (HRSA) ၏ ရန်ပုံငွေထောက်ပံ့မှု တစ်စိတ်တစ်ပိုင်း ပါဝင်သည်။
 
Picture
Info
About us
Fact Sheets
​Resources
​Connect With Us
Careers

​Español
Give

Contact
14074 Trade Center Drive
Ste 251
Fishers, IN 46038

P: 844-F2F-INFO (844-323-4636)
English
Español
Privacy Policy
Terms of Use

Copyright 2026 Indiana Family to Family. All rights reserved.
Designed by IndyiTech
  • Fact Sheets
    • English
    • Spanish (Español)
    • Hakha Chin (Lai Holh In)
    • Burmese (မြန်မာဘာသာဖြင့်)
    • Haitian Creole (Kreyòl Ayisyen)
  • How We Help
    • Heart to Heart Conference/Conferencia
    • IN-FaCTS
    • Live training
  • Resources
    • Training videos
    • Tools for Coordinating Care
  • About Us
    • Our Vision
    • Our Team
    • Careers
  • Give
    • Donate
    • Sponsors
  • Connect