
Medicaid အကြိုအပို့ဝန်ဆောင်မှု - Package A နှင့် Package C (CHIP)
|
Medicaid အစီအစဉ်တွင် အကျုံးဝင်သူ အများအပြားသည် ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ချိန်းဆိုမှုများထံ သွားရောက်ရန်အတွက် အကြိုအပို့ဝန်ဆောင်မှု အထောက်အကူကို လိုအပ်ပါသည်။ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် မိသားစုများနှင့် နေထိုင်ရာဒေသ မတူညီလျှင် ပိုမိုလိုအပ်ပါသည်။ Medicaid သည် အစီအစဉ်တွင် အကျုံးဝင်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ခံယူခြင်းဆိုင်ရာ အကြိုအပို့ဝန်ဆောင်မှု အချို့ကို စီစဉ်ပေးထားသော်လည်း မိသားစုများ ရယူထားသည့် Medicaid အစီအစဉ်အပေါ် မူတည်၍ ဝန်ဆောင်မှုနှင့် အကျုံးဝင်ခရီးစဉ်တို့ ကွဲပြားနိုင်ပါသည်။ အသက် 16 နှစ်နှင့်အောက် ကလေးသူငယ်များကို အရွယ်ရောက်ပြီးသူက အဖော်ပြုလိုက်ပါရန် လိုအပ်ကြောင်း သတိပြုပါ။
Hoosier Healthwise (Package A နှင့် Package C/CHIP) ကို ရယူထားသူများအတွက် - Hoosier Healthwise Package A ကို ရယူထားသူများအနေဖြင့် အကြိုအပို့ဝန်ဆောင်မှုကို ၎င်းတို့၏ Health Plan (Anthem, CareSource, MDwise, သို့မဟုတ် MHS) မှတစ်ဆင့် တောင်းခံရယူနိုင်သည်၊ သို့ရာတွင် Health Plan ဝန်ဆောင်မှုပေးသူအပေါ် မူတည်၍ အကြိုအပို့ဝန်ဆောင်မှု၏ အကျုံးဝင်ခရီးစဉ်များ ကွဲပြားမည် ဖြစ်ပါသည်။ အချို့သော Health Plan ဝန်ဆောင်မှုပေးသူများသည် အကြိုအပို့ဝန်ဆောင်မှုကို အကန့်အသတ်မရှိ အခမဲ့ ဆောင်ရွက်ပေးသော်လည်း အချို့ကမူ ပြက္ခဒိန်နှစ်တစ်နှစ်လျှင် ဝန်ဆောင်မှုရယူနိုင်သည့် အကြိမ်အရေအတွက်ကို ကန့်သတ်ထားပါသည်။ အကြိုအပို့ဝန်ဆောင်မှု၏ အကျုံးဝင်ခရီးစဉ်များနှင့် မည်သို့ တောင်းခံစီစဉ်ရမည်နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်ကို သိရှိရန်အတွက် Health Plan လက်စွဲကို ဖတ်ရှုရန် သို့မဟုတ် Health Plan ဝန်ဆောင်မှုပေးသူကို ဆက်သွယ်မေးမြန်းရန် လိုအပ်မည်ဖြစ်ပါသည်။ ဆရာဝန်နှင့် ချိန်းဆိုမှုများ၊ သွားဆရာဝန်နှင့် ချိန်းဆိုမှုများ၊ မျက်စိဆရာဝန်နှင့် ချိန်းဆိုမှုများ၊ ဆေးခန်းပြပြီးနောက် ဆေးဆိုင်သို့ သွားရောက်မှုများ၊ WIC ချိန်းဆိုမှုများနှင့် အခြားတို့အတွက် အကြိုအပို့ ဝန်ဆောင်မှုများကို Health Plan တိုင်းတွင် ရရှိနိုင်ပါသည်။ မည်သည့် Health Plan ဝန်ဆောင်မှုပေးသူကို ရွေးချယ်ထားမိကြောင်း မသေချာပါက စုံစမ်းသိရှိနိုင်ရန်အတွက် 866-408-6131 ကို ဖုန်းခေါ်ဆို၍ Hoosier Healthwise အသုံးပြုသူများအတွက် ဝန်ဆောင်မှုအဖွဲ့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ မည်သည့် Health Plan ကို ရွေးချယ်ထားကြောင်း သိရှိပါက အကြိုအပို့ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အချက်အလက်များကို Health Plan လက်စွဲတွင် ဖတ်ရှု၍ဖြစ်စေ သို့မဟုတ် အောက်ဖော်ပြပါအတိုင်း ဝန်ဆောင်မှုပေးသူကို ဆက်သွယ်၍ဖြစ်စေ သိရှိနိုင်ပါသည် -
Hoosier Healthwise Package A ကို ရယူထားသူများအနေဖြင့် အရေးပေါ် အကြိုအပို့ဝန်ဆောင်မှုကို ရယူရန်အတွက် ကြိုတင်ခွင့်ပြုချက် တောင်းခံရန် မလိုအပ်ပါ။ အရေးပေါ် အကြိုအပို့ဝန်ဆောင်မှု လိုအပ်ပါက 911 ကို ဖုန်းခေါ်ဆိုပါ။ Hoosier Healthwise Package C (CHIP) ကို ရယူထားသူများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အရေးပေါ် အကြိုအပို့ဝန်ဆောင်မှုကို အလွန်သက်သာသောနှုန်းထားဖြင့် ရယူနိုင်ပါသည်။ အရေးပေါ် အကြိုအပို့ဝန်ဆောင်မှု လိုအပ်ပါက 911 ကို ဖုန်းခေါ်ဆိုပါ။ Package C (CHIP) တွင် (အရေးပေါ်မဟုတ်သည့်) အခြား အကြိုအပို့ဝန်ဆောင်မှုများကို ရယူနိုင်ခြင်း မရှိပါ။ အကြိုအပို့ ဝန်ဆောင်မှုများနှင့် Hoosier Healthwise Medicaid အကြောင်း ထပ်မံသိရှိလိုသည်များ ရှိပါက မိမိ၏ Medicaid Health Plan (Anthem, CareSource, MDwise, သို့မဟုတ် MHS) ဝန်ဆောင်မှုပေးသူကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ |
print
|
Programs and systems change often. It is important to ensure that you are using the most current information. Please check https://www.inf2f.org/fact-sheets.html for the most recent edition.
This fact sheet was supported by the Health Resources and Services Administration (HRSA) of the U.S. Department of Health and Human Services (HHS) as part of an award totaling $96,750 with 89% percent financed with nongovernmental sources. The contents are those of INF2F and do not necessarily represent the official views of, nor an endorsement, by HRSA, HHS, or the U.S. Government. For more information, please visit HRSA.gov.
This fact sheet was supported by the Health Resources and Services Administration (HRSA) of the U.S. Department of Health and Human Services (HHS) as part of an award totaling $96,750 with 89% percent financed with nongovernmental sources. The contents are those of INF2F and do not necessarily represent the official views of, nor an endorsement, by HRSA, HHS, or the U.S. Government. For more information, please visit HRSA.gov.