Picture Picture
  • Fact Sheets
    • English
    • Spanish (Español)
    • Hakha Chin (Lai Holh In)
    • Burmese (မြန်မာဘာသာဖြင့်)
    • Haitian Creole (Kreyòl Ayisyen)
  • How We Help
    • Heart to Heart Conference/Conferencia
    • IN-FaCTS
    • Live training
  • Resources
    • Training videos
    • Tools for Coordinating Care
  • About Us
    • Our Vision
    • Our Team
    • Careers
  • Give
    • Donate
    • Sponsors
  • Connect
Picture

အော်တစ်ဇင် ရောဂါစု (ASD) ရောဂါအမည်သတ်မှတ်ချက်ကို မည်သို့ရယူနိုင်မည်နည်း

မွမ််းမံဖပင် င်ြျက်: Oct 2025

အော်တစ်ဇင် ရောဂါစုအတွက် ရောဂါအမည်သတ်မှတ်ခြင်း လုပ်ငန်းစဉ်ကို နားလည်ခြင်းနှင့် စီမံခန့်ခွဲရာတွင် စိန်ခေါ်မှုများ ရှိနိုင်ပါသည်။ ဤအချက်အလက်စာစောင်တွင် မိသားစုများ စတင်ဆောင်ရွက်နိုင်ရန်အတွက် အခြေခံအချက်အလက်များ ပါဝင်ပါသည်။​

အော်တစ်ဇင်ဆိုင်ရာ ယေဘုယျအသုံးအနှုန်းများ

အော်တစ်ဇင် ရောဂါစု (ASD) သည် လူတို့၏ အခြားသူများနှင့် ဆက်ဆံပုံ၊ ပြောဆိုဆက်သွယ်ပုံ၊ သင်ယူပုံနှင့် ပြုမူပုံတို့ကို သက်ရောက်မှုရှိသော အာရုံကြောနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းချက်တစ်မျိုး ဖြစ်သည်။ ၎င်းသည် များသောအားဖြင့် ငယ်စဉ်ကလေးဘဝတွင် စတင်ပေါ်ပေါက်လေ့ရှိပြီး လူတစ်ဦး၏ လူမှုရေးကျွမ်းကျင်မှု၊ ပြောဆိုဆက်သွယ်မှု၊ ဆက်ဆံပေါင်းသင်းရေးများနှင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းတို့အပေါ် သက်ရောက်နိုင်သည်။ အော်တစ်ဇင် အတွေ့အကြုံသည် လူတိုင်းအတွက် မတူညီပါ။ ၎င်းကို အချို့သော အပြုအမူများဖြင့် သတ်မှတ်ပြီး လူတို့ကို မတူညီသည့်ပုံစံများနှင့် အတိုင်းအတာအမျိုးမျိုးဖြင့် သက်ရောက်မှုရှိသော "ရောင်စဉ်" တစ်ခုအဖြစ် မကြာခဏ ရည်ညွှန်းလေ့ရှိသည်။​

သင့်ကလေးအား စစ်ဆေးမှုလိုအပ်သည်ဟု သင်ထင်မြင်ပါက

သင့်ကလေး၏ စကားပြောဆိုပုံ၊ သင်ယူပုံ၊ ကစားပုံ၊ ပြုမူပုံ၊ လှုပ်ရှားပုံ သို့မဟုတ် အလုံးစုံယေဘုယျ ဖွံ့ဖြိုးမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုရှိပါက သင့်ကလေး၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးပါ။ သင့်ကလေးအကြောင်းကို သင်အသိဆုံးဖြစ်သည်၊ သင်၏စိုးရိမ်မှုများသည် အရေးကြီးပါသည်။​

ဖွံ့ဖြိုးမှုဆိုင်ရာ စိစစ်ခြင်း

အမေရိကန် ကလေးအထူးကု အကယ်ဒမီ (AAP) က ကလေးသူငယ်အားလုံးကို ASD အတွက် စိစစ်မှုခံယူရန် အကြံပြုထားသည်။ ASD ၏ အစောပိုင်းလက္ခဏာအချို့ ပြသသော ကလေးသူငယ်များကို ဆေးဘက်ဆိုင်ရာ ရောဂါအမည်သတ်မှတ်ခြင်းသည် သင့်လျော်မှုရှိ၊ မရှိနှင့် ငယ်စဉ် ကြားဝင်ဆောင်ရွက်ပေးခြင်း ကုထုံးအတွက် ဆက်လက်အကဲဖြတ်ရန် လွှဲပြောင်းပေးနိုင်ပါသည်။ စိစစ်ခြင်းနှင့် ရောဂါအမည်သတ်မှတ်ခြင်းသည် မတူညီပါ။ အော်တစ်ဇင်အတွက် စိစစ်ခြင်းသည် ကလေးတစ်ဦးကို အော်တစ်ဇင်ရှိသည်ဟု ရောဂါအမည်သတ်မှတ်ခြင်းမဟုတ်ဘဲ ဆက်လက်အကဲဖြတ်မှု ခံယူရန် ညွှန်ပြခြင်းသာ ဖြစ်နိုင်ပါသည်။  စိစစ်မှုပြုလုပ်ချိန်တွင် မိဘများသည် ၎င်းတို့၏ စောင့်ရှောက်မှုပေးသူကို မေးခွန်းများ မေးမြန်းသင့်ပါသည်။​

ဆေးဘက်ဆိုင်ရာ ရောဂါအမည်သတ်မှတ်ခြင်း

ASD အတွက် ဆေးဘက်ဆိုင်ရာ ရောဂါအမည်သတ်မှတ်ခြင်းကို စိတ်ပညာရှင်၊ ဖွံ့ဖြိုးမှုဆိုင်ရာ ကလေးအထူးကု၊ သို့မဟုတ် အခြားအထူးပြု ဆေးဘက်ဆိုင်ရာ ပညာရှင်တစ်ဦးက ဆောင်ရွက်ပါသည်။ ၎င်းသည် ရှည်ကြာသော လုပ်ငန်းစဉ်တစ်ခု ဖြစ်နိုင်သောကြောင့်၊ စိုးရိမ်ပူပန်မှုရှိပါက စောစီးစွာ ဆောင်ရွက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဆေးဘက်ဆိုင်ရာ ရောဂါအမည်သတ်မှတ်ခြင်း လုပ်ငန်းစဉ်တွင် များသောအားဖြင့် စောင့်ရှောက်မှုပေးသူများက အချက်အလက်များ စုဆောင်းရန်၊ ဆေးကုသမှုရာဇဝင် ရယူရန်နှင့် ကလေး၏အမူအကျင့်နှင့် တုံ့ပြန်ဆက်ဆံမှုများကို လေ့လာစောင့်ကြည့်ရန် ရက်ချိန်းအနည်းငယ် ပါဝင်လေ့ရှိသည်။ မိသားစုများသည် တွေ့ရှိချက်အားလုံး၏ မိတ္တူတစ်စောင်ကို လက်ခံရရှိသင့်ပြီး မိတ္တူတစ်စောင်ကို ၎င်းတို့ကလေး၏ အဓိကစောင့်ရှောက်မှုပေးသူထံသို့ ပေးပို့ရန် တောင်းဆိုသင့်ပါသည်။ ASD ဟု ရောဂါအမည်သတ်မှတ်ခြင်းမခံရပါက၊ မိသားစုများသည် ၎င်းတို့၏ကလေးကို ကူညီရန်အတွက် ငယ်စဉ် ကြားဝင်ဆောင်ရွက်ပေးခြင်း သို့မဟုတ် အခြားသော ပံ့ပိုးမှုဝန်ဆောင်မှုများဆိုင်ရာ အချက်အလက်များကို ရရှိသင့်ဆဲဖြစ်ပါသည်။  ASD အတွက် ဆေးဘက်ဆိုင်ရာ ရောဂါအမည်သတ်မှတ်ချက်သည် မိသားစုများအား အာမခံ သို့မဟုတ် Medicaid မှ အကျုံးဝင်သော ဝန်ဆောင်မှုများအတွက် လျှောက်ထားခွင့်ပြုသည်။ ဆေးဘက်ဆိုင်ရာ ရောဂါအမည်သတ်မှတ်ချက်သည် ကျောင်းပတ်ဝန်းကျင်အတွင်း ပံ့ပိုးမှုရရှိရန် လူတစ်ဦးကို အရည်အချင်းပြည့်မီစေခြင်း မရှိပါ။
 
မိသားစုများသည် ASD ဆေးဘက်ဆိုင်ရာ ရောဂါအမည်သတ်မှတ်ခြင်း စစ်ဆေးမှုအတွက် သီးသန့်အကျုံးဝင်မှုနှင့်ပတ်သက်၍ ၎င်းတို့၏ အာမခံပေးသူနှင့် စစ်ဆေးသင့်ပါသည်။ အာမခံမှ အကျုံးမဝင်ပါက စစ်ဆေးမှုအတွက် ကုန်ကျစရိတ်ကို ကူညီရန် အခြားရွေးချယ်စရာများ ရှိပါသည်၊ ၎င်းတို့တွင် ကလေးများ၏ Children’s Special Health Care Services (အထူးကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ)အတွက် လျှောက်ထားခြင်း ပါဝင်သည်။  INF2F ၏ အချက်အလက်စာစောင်ကိုကြည့်ပါ: "Children's Special Health Care (ကလေးများ၏ အထူးကျန်းမာရေးစောင့်ရှောက်မှု)(CSHCS)" တွင် ပိုမိုသောအချက်အလက်များအတွက် ကြည့်ရှုပါ။

ပညာရေးဆိုင်ရာ သတ်မှတ်ဆုံးဖြတ်ချက်

ပညာရေးဆိုင်ရာ သတ်မှတ်ဆုံးဖြတ်ချက်သည် ကျောင်းမှ ပညာရှင်များပါဝင်သော အကဲဖြတ်အဖွဲ့တစ်ခုမှ ပြုလုပ်သော အကဲဖြတ်မှုတစ်ခုဖြစ်သည်။ ကျောင်းသားတစ်ဦးသည် Individuals with Disabilities Education Act (မသန်စွမ်းသူများအတွက် ပညာရေးအက်ဥပဒေ) (IDEA) အရ အထူးပညာရေးနှင့် ဆက်စပ်ဝန်ဆောင်မှုများအတွက် အရည်အချင်းပြည့်မီခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် ပညာရှင်အဖွဲ့တစ်ဖွဲ့နှင့် ကလေး၏မိဘများက ရလဒ်များကို ပြန်လည်သုံးသပ်ပါသည်။
 
ပညာရေးဆိုင်ရာ သတ်မှတ်ဆုံးဖြတ်ချက်သည် ကျောင်းပတ်ဝန်းကျင်အတွင်း ပံ့ပိုးမှုရရှိရန် လူတစ်ဦးကို အရည်အချင်းပြည့်မီစေနိုင်သော်လည်း ၎င်းသည် ဆေးဘက်ဆိုင်ရာ ရောဂါအမည်သတ်မှတ်ချက်နှင့် တူညီခြင်းမရှိပါ။ ပညာရေးဆိုင်ရာ သတ်မှတ်ဆုံးဖြတ်ချက်သည် များသောအားဖြင့် အာမခံ သို့မဟုတ် Medicaid မှ အကျုံးဝင်သည့် ကျောင်းပြင်ပဝန်ဆောင်မှုများအတွက် လူတစ်ဦးကို အရည်အချင်းပြည့်မီစေမည် မဟုတ်ပါ။ မိမိတို့ကလေးအတွက် ပညာရေးနှင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုနှစ်မျိုးလုံးကို ရယူလိုသော မိသားစုများစွာသည် ပညာရေးနှင့်ဆေးဘက်ဆိုင်ရာ အကဲဖြတ်မှုနှင့် ရောဂါအမည်သတ်မှတ်ချက် နှစ်မျိုးလုံး လိုအပ်မည်ဖြစ်သည်။ ၎င်းသည် ၎င်းတို့၏ကလေးအား ကျောင်းနှင့် ရပ်ရွာလူထုအတွင်း နှစ်မျိုးလုံးတွင် ပံ့ပိုးမှုပေးနိုင်ရန် ကျယ်ပြန့်သော ပံ့ပိုးမှုဝန်ဆောင်မှုများကို ရရှိစေပါသည်။

ရောဂါအမည်သတ်မှတ်ချက် ရရှိပြီးနောက် ဘာလုပ်သင့်သနည်း။

ဆေးဘက်ဆိုင်ရာ ရောဂါအမည်သတ်မှတ်ချက် ရရှိပါက မိသားစုအနေဖြင့် မှတ်တမ်းမိတ္တူများကို တောင်းခံထားသင့်ပြီး ရောဂါအမည်သတ်မှတ်သူ၏အမည်နှင့် ရောဂါအမည်သတ်မှတ်သည့်နေ့စွဲကို စောင့်ရှောက်မှုမှတ်စုစာအုပ်တွင် လုံခြုံစွာ သိမ်းဆည်းထားသင့်ပါသည်။ မိသားစုများက ၎င်းတို့ကလေးအတွက် ပံ့ပိုးမှုများနှင့် အစီအစဉ်များကို ရှာဖွေသည့်အခါ အနာဂတ်တွင် ဤအချက်အလက်များကို တောင်းခံနိုင်ပါသည်။ (ပိုမိုသောအချက်အလက်များအတွက် INF2F ၏ အချက်အလက်စာစောင်: "စောင့်ရှောက်မှုပေးသူများနှင့် ဆက်သွယ်ပြောဆိုခြင်း" ကို ကြည့်ရှုပါ) အော်တစ်ဇင်၏ ဆေးဘက်ဆိုင်ရာ ရောဂါအမည်သတ်မှတ်ချက်သည် လူတစ်ဦးအား ရပ်ရွာလူထုနှင့် ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများအတွက် အရည်အချင်းပြည့်မီအောင် ကူညီပေးနိုင်ပါသည်။
  • များသောအားဖြင့် လမ်းလျှောက်တတ်စကလေးငယ်များနှင့် မူကြိုအရွယ်ကလေးများသည် အစောပိုင်း ကြားဝင်ဆောင်ရွက်ခြင်း/မူကြိုဝန်ဆောင်မှုများ၊ တိုက်ရိုက်ကုထုံး၊ မိဘ၏နှစ်သက်မှုနှင့် ကလေး၏လိုအပ်ချက်အပေါ် မူတည်ပြီး အပြုအမူဆိုင်ရာပံ့ပိုးမှုများအတွက် အရည်အချင်းပြည့်မီမည်ဖြစ်သည်။
  • ကျောင်းနေအရွယ် ကလေးများသည် ရပ်ရွာလူထု ပံ့ပိုးမှု အရင်းအမြစ်များအတွက် အရည်အချင်းပြည့်မီနိုင်သော်လည်း ကျောင်းအခြေပြု ဝန်ဆောင်မှုများ ရရှိရန်အတွက် အော်တစ်ဇင်၏ ပညာရေးဆိုင်ရာ သတ်မှတ်ဆုံးဖြတ်ချက် လိုအပ်နိုင်ပါသည်။
  • အော်တစ်ဇင်ဟု ရောဂါအမည်သတ်မှတ်ခံရသော ဆယ်ကျော်သက်များနှင့် လူကြီးများသည် ဆက်သွယ်ပြောဆိုမှု၊ စိတ်ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လိုအပ်ချက်များကဲ့သို့ တစ်ဦးချင်းစီ၏ လိုအပ်ချက်များအပေါ် အခြေခံ၍ ပံ့ပိုးမှုများ ရှာဖွေနိုင်ပါသည်။
 
ပညာရေးနှင့် ဆေးဘက်ဆိုင်ရာ ရောဂါအမည်သတ်မှတ်ချက်များကို ရင်ဆိုင်ဖြေရှင်းရခြင်းသည် လူတစ်ဦးချင်းအတွက်သာမက မိသားစုအတွက်ပါ စိန်ခေါ်မှုများသော အချိန်ကာလတစ်ခု ဖြစ်နိုင်ပါသည်။ Indiana Family to Family သည် လူတစ်ဦးချင်းနှင့် ပြုစုစောင့်ရှောက်သူများကို ဤအချိန်ကာလကို ဖြတ်သန်းနိုင်ရန် ကူညီပေးနိုင်ပါသည်။

ပိုမိုလေ့လာရန် အရင်းအမြစ်များ

  • Indiana Family to Family (Indianaမိသားစုရပ်ဝန်း)- https://www.inf2f.org/
  • Indiana Resource Center for Autism (Indiana အော်တစ်ဇင်အရင်းအမြစ်စင်တာ)- https://www.iidc.indiana.edu/irca/index.html
  • Healthy Children from the American Academy of Pediatrics – Autism (အမေရိကန် ကလေးအထူးကု အကယ်ဒမီမှ ကျန်းမာသောကလေးငယ်များ−အော်တစ်ဇင်)- https://www.healthychildren.org/English/health-issues/conditions/Autism/Pages/default.aspx
print
Print page

အစီအစဉ်များနှင့် စနစ်များသည် မကြာခဏ ပြောင်းလဲတတ်သည်။ နောက်ဆုံးပြောင်းလဲမှုနှင့်ကိုက်ညီသည့် သတင်းအချMedicaid Waivers: ဤအချက်အလက်ပြဇယားကို 2025 ခုနှစ်တွင် နောက်ဆုံးအကြိမ် မွမ်းမံပြင်ဆင်ထားပါသည်။ နောက်ဆုံးပြင်ဆင်ထားသည့် မူကို ရှာဖွေဖတ်ရှုနိုင်ရန် https://www.inf2f.org/fact-sheets.html ကို အသုံးပြုပါ။ ကျန်းမာရေးဆိုင်ရာ အရင်းအမြစ်များနှင့် ဝန်ဆောင်မှုများ စီမံရေးအဖွဲ့ (HRSA) ၏ ရန်ပုံငွေထောက်ပံ့မှု တစ်စိတ်တစ်ပိုင်း ပါဝင်သည်။
​
Picture
Info
About us
Fact Sheets
​Resources
​Connect With Us
Careers

​Español
Give

Contact
14074 Trade Center Drive
Ste 251
Fishers, IN 46038

P: 844-F2F-INFO (844-323-4636)
English
Español
Privacy Policy
Terms of Use

Copyright 2026 Indiana Family to Family. All rights reserved.
Designed by IndyiTech
  • Fact Sheets
    • English
    • Spanish (Español)
    • Hakha Chin (Lai Holh In)
    • Burmese (မြန်မာဘာသာဖြင့်)
    • Haitian Creole (Kreyòl Ayisyen)
  • How We Help
    • Heart to Heart Conference/Conferencia
    • IN-FaCTS
    • Live training
  • Resources
    • Training videos
    • Tools for Coordinating Care
  • About Us
    • Our Vision
    • Our Team
    • Careers
  • Give
    • Donate
    • Sponsors
  • Connect